မရူးဝံ့တဲ့အကြောင်း
သာလှ။ ။ဦးစံပ ကြီး အသုဘ ကိုသွားတာဗျာ- တော်တော် သံဝေဂရခဲ့တယ်။ ဦးစံပကြီးဗျာ-သေနေတယ် လို့တောင် မထင်ရဘူး၊ မျက်နှာလေးကပြုံးပြုံးလေးနဲ့ အိပ်နေတယ်လို့ပဲထင်ရတယ်၊ ဒါနဲ့ သူ့ရုပ်အလောင်းကိုရပ်ပြီးကြည့်နေမိတယ်။ စိတ်ထဲမှာတော့ သြော်-သူ့ခမျာ မျက်နှာ၊နှာခေါင်း၊ ခြေလက်ခန္ဓာ အစုံရှိပါလျက်နဲ့ ၀ိဥာဉ်လေး မရှိတာနဲ့တင် သူများစွန့်ပစ်မယ့်ဘ၀ ရောက်နေပြီ ဘာမှ အသုံးမရတော့ပါလား လို့။
ဖေမြ။ ။အဲဒီအချိန်မှာ ငေါက်ကနဲထထိုင်ပြီး ခင်ဗျားရဲ့ လည်ပင်းကို လာညစ်ရင် ဘယ်လိုလုပ်မလဲ။
သာလှ။ ။ပြေးတာ တန်း နေမှာပေါ့ဗျာ။
ဖေမြ။ ။ဖြစ်မှဖြစ်ရလေ ကိုသာလှရယ်။
သာလှ။ ။ဟာ- ကိုဖေမြကလည်း ပေါက်တတ်ကရ၊ ကျုပ်ကြက်သီးတောင်ထလာပြီ။
ဖေမြ။ ။ဆက်ပါဦး။
သာလှ။ ။ဆက်မယ်ဗျာဆက်မယ်၊ ရုပ်ခန္ဓာရှိလျက်သားနဲ့ဗျာ၊ ဦးဏှောက်ရှိရင် အတွေးအခေါ်ရှိမယ်၊ ခြေလက်ရှိရင် လှုပ်ရှားသွားလာနိုင်မယ်၊ မျက်စိရှိရင် မြင်နိုင်တယ်၊ နားရှိရင် ကြားနိုင်တယ် ဆိုတဲ့ ဦးစံပကြီး၊ ကိုယ်အားကိုယ်ကိုး စီးပွါးတိုးကောင်းကျိုးအဆက်ဆက် ဆိုတဲ့ ဦးစံပကြီး၊ အခုတော့လည်း ၀ိဥာဉ် မရှိတော့ ဘာမှအဓိပ္ပါယ်မရှိတော့ပါလား၊ ချစ်လှပါတယ် ဆိုတဲ့ သူတွေကတောင် သူ့ ကို ကြောက်နေပြီ၊ အမြန်စွန့်ပစ်ရတော့မယ့် ပစ္စည်းတစ်ခုဘ၀ ရောက်သွားရပြီဗျာ။
ဖေမြ။ ။ဒါပေါ့- ၀ိဥာဉ်ဟာ ခန္ဓာ ထက် မြတ်တယ်လို့ ဘုရားပြောထားသားပဲ။
သာလှ။ ။အသက်ဆီမီးဇာ ကုန်ပြန်တော့လည်း သွားရပြီပေါ့ဗျာ၊ ၀ိဥာဉ်ကိုပြောတာ။
ဖေမြ။ ။ဟုတ်ပါပြီ၊ ဘယ်ကလာလို့ ဘယ်ကိုသွားမှာလဲ။
သာလှ။ ။ကောင်းရာသုဂတိ တစ်ခုခုဖြစ်မျာပေါ့ဗျာ။
ဖေမြ။ ။ဘယ်နေရာဆိုတာ အတိအကျ သိလို့လား။
သာလှ။ ။အတိအကျတော့ ဘယ်သိနိုင်မလဲဗျာ။
ဖေမြ။ ။ဒါဆို ဘယ်ကလာသလဲ။
သာလှ။ ။ဒါလည်းဘယ်သိမလဲ၊ တစ်နေရာရာကဖြစ်မှာပေါ့။
ဖေမြ။ ။ဘာမှ မရေရာပါလား။
သာလှ။ ။အခြေအနေက ဒီလိုဖြစ်နေတာကိုး။
ဖေမြ။ ။သြော်- အခက်ပါလား ကိုသာလှရယ်။
သာလှ။ ။ခင်ဗျားလည်း ဘယ်ကလာလို့ ဘယ်ကိုသွားမှာလဲ။
ဖေမြ။ ။ကိုသာလှပြောသလိုသာ ပြောရမယ်ဆိုရင် ကျုပ်လည်း ဘယ်သိမလဲဗျာ။
သာလှ။ ။ဒါဆို ခင်ဗျားကော ဘာထူးမှာမို့လို့လဲ။
ဖေမြ။ ။ထူးပါသကော၊ ထူးသကောဗျာ။
သာလှ။ ။ဒါဆိုပြောဗျာ။
ဖေမြ။ ။ကျုပ်က ဘုရားကိုယုံတယ်၊ ဒါကြောင့် ဘုရားပြောတာ ယုံတယ်။
သာလှ။ ။ဒီတော့။
ဖေမြ။ ။ဘုရားကလူကို မြေမှုန့်ကနေ ဖန်ဆင်းပြီးတော့ အသက်ဝိဥာဉ်ကိုမှုတ်သွင်းတယ်။ အချိန်တန်တော့ပြန်ရုပ်သိမ်းတယ်။ မြေမှုန့် က လာတဲ့ ခန္ဓာ မြေမှုန့်ကိုပြန်သွား၊ ဘုရားဆီကလာတဲ့ဝိဥာဉ် ဘုရားဆီပြန်သွား၊ ဒါပါပဲ။
သာလှ။ ။အေးဗျာ-ကျုပ်လည်း မေ့တတ်လိုက်တာဗျာ။
ဖေမြ။ ။ဘုရားပြောတဲ့ စကား ကို ယုံကြည်တာနဲ့တင် ကျုပ်ကထူးသွားပြီ။
သာလှ။ ။ကျုပ်လည်း ထူးပြီဗျာ။
ဖေမြ။ ။ထူးရင်ထူး၊ မထူးရင်ရူးဗျာ။
သာလှ။ ။မရူးဝံ့ပါဘူးဗျာ။
God Bless You
Brother Aung