ပိုးကောင်လေးတွေပြေးကုန်ပြီ

ပိုးကောင်လေးတွေပြေးကုန်ပြီ
ဖေမြ  ။မတွေ့တာကြာပြီနော် ကိုသာလှ၊ ထိုင်ဗျာ။ ဟောဒီမှာ လက်ဖက်နှင့် တွင်းတောင်ပိုးကောင်ကြော်လေး မြည်းပါဦး။
သာလှ  ။မြည်း ဆိုလည်း မြည်းကြည့်တာပေါ့ဗျာ။ အင်း--သင်္ခါရ  သင်္ခါရ  ပိုးကောင်လေးတွေလည်း မြည်းစရာဖြစ်လိုဖြစ်  သူ့ဟာသူ တွင်းတောင်အိုင်ထဲမှာ နေနေရရင် အကောင်းသား အခုတော့လည်း ပန်းကန်ပြားထဲမှာ ဒုက္ခနှင့်ကြုံပြီပေါ့လေ၊ သနားပါတယ်ဗျာ၊ တရားတော့အရသား။
ဖေမြ  ။အလိုလေး ကိုသာလှရယ်၊ တရားတွေဘာတွေ ရှုလို့ပါလား။
သာလှ  ။ဟုတ်တယ် ကိုဖေမြ၊ ဘယ်နေရာကြည့်ကြည့် ဘယ်အကြောင်းအရာကိုပြောပြော မြင်တတ်ရင် တရားရပါတယ်ဗျာ။ အားလုံးဟာ အနတ္တ ချည်းပါပဲဗျာ။
ဖေမြ  ။ဟုတ်ပါတယ်ဗျာ၊ ဒါနဲ့ ကိုသာလှ စိတ်မဆိုးနဲ့နော်။
သာလှ  ။ကိုဖေမြ တစ်ခုခုမေးချင်နေပုံရသဟ၊ စိတ်မဆိုပါဘူးဗျာ၊ အချင်းချင်းတွေပဲဟာ။
ဖေမြ  ။အခုပြောတာတွေက ခင်ဗျားရဲ့ ရင်ထဲကစကားတွေလား။
သာလှ  ။ဟုတ်တာပေါ့၊ ခံစားချက်တွေ ပါ ပါတယ်။
ဖေမြ  ။ဒါဆို နောက်တစ်ခေါက်ထပ်ပြောမယ်၊ စိတ်မဆိုးရင်မေးချင်တယ်လို့။
သာလှ  ။မေးပါလို့ ပြောပြီးသားဟာကို။
ဖေမြ  ။တော်ကြာက ပြောတာတွေက ရင်ထဲ၊နှလုံးထဲက စကားတွေလား။
သာလှ  ။ခက်ပြီကော ကိုဖေမြရယ်၊ ကျုပ် အူထဲ၊ ကလီစာထဲ၊ ဦးဏှောက်ထဲရှိတဲ့ စကားကိုပြောလိုက်တာ၊ ကဲ ဘာမေးချင်သေးလဲ။
ဖေမြ  ။ဒါနဲ့ စကားမစပ် တရား ဆိုတာ ဘာလဲဗျ။
သာလှ  ။တရားဆိုတာ  ဟို  ဟို ဟိုဟာဗျာ၊ တရားမျှတမှု အဲ မဟုတ်သေးဘူး၊ ဟို တရားသဘော၊ ဆင်ခြင်တုံတရား၊ မှန်ကန်မှုတရားဗျာ၊ ကျုပ်အဲလိုပဲ နားလည်ထားတာ။
ဖေမြ  ။ဆင်ခြင်တယ်ဆိုတာ အကျိုးအတွက်မျှော်ကိုးတဲ့ ဥာဏ်ကိုပြောတာ၊ အဲဒီဥာဏ်ကိုရအောင် သင်ကြားခြင်းက ပညာ၊ ဒီပညာကို အသုံးချနိုင်ခြင်းက အတတ်။ မှန်ကန်မှုနှင့်မှားယွင်းမှုကို ခွဲခြားတာကပညတ်။ ဘာလဲဗျ ခင်ဗျားပြောတဲ့တရားဆိုတာ။
သာလှ  ။သူများတွေ အဲလိုပြောတော့ ကျုပ်လည်း အဲလိုပြောတာပါဗျာ။
ဖေမြ  ။သူများ half-boil မှာတိုင်း ကိုယ် half-boil မှာပြီးရောက်လာတော့မှ မင်းတို့ဟာ အစိမ်းကြီးပြောမလို့လား၊ သူများယောင်တိုင်း လိုက်လို့ယောင် အမောင် တောင်မှန်း မြောက်မှန်း မသိ ဖြစ်နေမှာပေါ့ဗျာ။
သာလှ  ။မတတ်နိုင်ပါဘူးဗျာ။
ဖေမြ  ။အကျိုးဆိုတာ သုခ၊ သုခ ကိုမျှော်ကိုးရင် တဏှာ၊ တဏှာတို့ရဲ့ သွားရာလမ်း ဆီကြော်အိုး--ဟဲဟဲ။
သာလှ  ။တော်ကြာကပြောခဲ့တဲ့ အူတွေ၊ ကလီစာတွေ ညော်နံ့လေးတောင်ရလာပြီဗျာ။
ဖေမြ  ။တရား ဆိုတာ ဘုရားပြောတဲ့စကား၊ ပညတ်တော် ဆိုတာ ဘုရားပေးတဲ့ စည်းကမ်း၊ တရားရှာလိုတယ် ဆိုရင် ဘုရားကိုတွေ့အောင်ရှာ၊ ကြားထဲက ပွဲစားတွေစကား ကြည့်ယုံ။ ပညတ်ချက် တွေလိုက်လျှောက်မယ်ဆိုရင် ဘုရားပေးထားတဲ့ စည်းကမ်း ကိုလိုက်နာ။
သာလှု။  ။တရားတော်ဆိုတာ ဒါကိုး။
ဖေမြ  ။ဘုရားပြောတဲ့ စကားတော်ကို တရားတော်လို့ သမုတ်သင့်ပါတယ်ဗျာ။
သာလှ  ။ဟုတ်တယ်နော် ကိုဖေမြ။
ဖေမြ  ။ဘုရားကလူကို သတိပေးထားတဲ့ စကားတစ်ခွန်းရှိတယ် ကိုသာလှ။
သာလှ  ။ဘာများလဲဗျ။
ဖေမြ  ။“လူထင်သည့်အတိုင်း မှန်သည့်လက္ခဏာရှိသော်လည်း အဆုံး၌ သေခြင်းသို့ပို့တတ်သော လမ်းတစ်မျိုးရှိ၏” တဲ့။
သာလှ  ။သတိထားစရာပါပဲဗျာ။
ဖေမြ  ။လက်ဖက် နှင့် တွင်းတောင်ပိုးကောင်ကြော်လေး မြည်းဗျာ၊ ဟ- ပိုးကောင်လေးတွေ ဘယ်ပြေးကုန်ပလဲ။
သာလှ  ။ကျုပ် ဗိုက်ထဲကိုပြေးကုန်ပြီ၊ ဟဲဟဲ။

God Bless You
Brother Aung